အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှု စစ်ဆေး

နေပြည်တော်  ဇူလိုင် 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် နာရီတွင် နေပြည်တော် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို    လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများပြန်ဖွင့်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ COVID-19 ရောဂါကာကွယ်မှု စနစ်ဖြင့် ကျောင်းတက်ရန် သရုပ်ပြစီစဉ်ဆောင်ရွက်ထားမှုများကို ကြည့်ရှုအားပေး၍ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ရန် မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် အမှတ်() အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်မီ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ ရေနှင့်ဆပ်ပြာ၊ Hand Gel  ၊သန့်စင်ခန်း၊ ကျောင်းသားဦးရေအရ ဖြန့်ဝေမည့် ကိုယ်အပူချိန်တိုင်း ကိရိယာများရောက်ရှိမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊  ပြန်လည်အသုံးပြုနိုင်သော အဝတ် Mask Face Shield PPE ဝတ်စုံ၊ အရန်ခန်း၊ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများ၊ မှတ်တမ်း စသည့်ကြိုတင် စီစဉ်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ လယ်ဝေးမြို့ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်နေသည့် သင်ရိုးသစ် ဒသမတန်း  မြို့နယ်အဆင့်  ဆင့်ပွားသင်တန်းများသို့သွားရောက်ကြည့်ရှု၍   အရည်အသွေးရှိသော  ပညာရေး စနစ်ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏ အားထုတ်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် အမှတ်() အခြေခံပညာ   အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ    COVID-19 ရောဂါကာကွယ်မှုဆိုင်ရာ ညွှန်ကြားချက်များ အရ ကျောင်းတက်၊ ကျောင်းဆင်းရန် သရုပ်ပြစီစဉ် ဆောင်ရွက်ထားမှုများ၊ လက်ဆေးဘေစင်၊စာသင်ခန်း၊ စာသင်ခုံစီစဉ် ဆောင်ရွက်ထားရှိမှုများ၊  သင်ရိုးသစ် ဆင့်ပွားသင်တန်းများကို  ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်    မှာကြားခဲ့ကြောင်း သိရသည်။