နေပြည်တော် ဇူလိုင် ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆိုင်ရာညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ဇူလိုင် ၂ ရက် မှ ၃ ရက်အထိ နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ နှင့်တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က မိမိတို့ဝန်ကြီးဌာန အနေဖြင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများနှင့် နှစ်စဉ်ညှိနှိုင်း စည်းဝေးပြုလုပ်ပြီး ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးကာ အားနည်းချက် အားသာချက်များကို သုံးသပ်ကြပြီး တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ရေး ရာဝန်ကြီးဌာန၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် “နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်၊ ပြည်မ အကြားအလပ်မရှိစေရေးအတွက် အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်” ဖြစ်ကြောင်း၊ အဓိကလုပ်ငန်းတာဝန်ကြီး(၂) ရပ် ဖြစ်သည့် နယ်စပ်ဒေသများတွင် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အဦများ တည် ဆောက်ပေးခြင်းနှင့် နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ကိစ္စရပ်များကို နိုင်ငံတော်၏ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့်အပြင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု၊ INGOs နှင့် NGOs များ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ်(၁၈)ရပ်တို့ကိုအခြေခံ၍ ဝန်ကြီးဌာန၏ နှစ် ၃၀ စီမံကိန်း၊ နှစ်ရှည်၊ နှစ်လတ်၊ နှစ်တိုစီမံကိန်းများကို နိုင်ငံတော်ကချမှတ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၏ မဏ္ဍိုင် (၃) ရပ်၊ ရည်မှန်းချက် (၅) ရပ်၊ မဟာဗျူဟာ (၂၈) ရပ်တို့နှင့်ချိတ်ဆက် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်၊ ဒေသခံပြည်သူ လူထုအတွက် အကျိုးသက်ရောက်မှုများ၊ စာရင်းစစ် စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များ အပေါ်လိုက်နာ ဆောင်ရွက်ပြီးစီးသည့်ကိစ္စရပ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန၏ မူလရန်ပုံငွေ၊ သဘာဝဘေးအန္တရာယ် အရေးပေါ် ရန်ပုံငွေအပြင် နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေ ခွင့်ပြုချက်များဖြင့် ဆောင်ရွက်နေသည့် အခြေအနေများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် ဝန်ကြီးဌာနမှ လျာထားဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ထားရေး၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများအလိုက် အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဒီဇိုင်း များ၊ BQ များ၊ တွက်ချက်မှုနှုန်းထားများ၊ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီ များ၏ အရည်အချင်းအပေါ် အကဲဖြတ်ရန် ကိစ္စရပ်များကို စုပေါင်းဝိုင်းဝန်းဆွေးနွေးကြရန် ရှင်းလင်းမှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများအနေဖြင့် နိုင်ငံတော် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့က ထုတ် ပြန်သည့် COVID-19 နှင့်သက်ဆိုင်သော အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာ ပြီး COVID-19 အလွန်တွင် ဝန်ကြီးဌာနအနေဖြင့် နြတ သြမာေူ ပုံစံဖြင့် ဃဥဠှီု နှင့်အတူယှဉ်တွဲ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ “ကြီးကြပ်မှုကောင်းလေ၊ လုပ်ငန်း အရည်အသွေးတိုးတက်လေပဲ” ဆိုသည်ကို ယုံကြည်ခံယူပြီး စီမံကိန်းလုပ်ငန်းများကို ကြီးကြပ်ပေးကြရန် လိုအပ်ကြောင်း၊ စီမံကိန်းများ ရေးဆွဲရာတွင် နိုင်ငံ့အကြီးအကဲများ၏ လမ်းညွှန်ချက်၊ လွှတ်တော်ကိုယ်စား လှယ်များ၏တင်ပြချက်၊ လွှတ်တော်ကတိကဝတ်ဖြစ်ခဲ့သည့် လုပ်ငန်းများ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့များ၏ တင်ပြချက်များကို နိုင်ငံတော်မှ ခွဲဝေပေးသည့် ရန်ပုံငွေနှင့်ချိန်ဆ၍ အကောင်းဆုံး ဖြစ်အောင် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြု ရန်ပုံငွေရလျှင်ရ ချင်း နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက် (၁/၂၀၁၇) နှင့်အညီ ဘဏ္ဍာရေးနှစ်အစတွင် တင်ဒါခေါ်ယူ လုပ်ငန်းအပ်နှံခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် လုပ်ငန်း များ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်သည်ကို သိရှိရကြောင်း၊ သို့ဖြစ်၍ စီမံကိန်းလုပ်ငန်း များကို စတင်ဆောင်ရွက်ချိန်မှ ပြီးစီးသည့် အချိန်အထိ အချိတ်အဆက်မိမိ ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့်ပြည်သူကို အကျိုးဖြစ်ထွန်း စေမည့်လုပ်ငန်းများကို ရွေးချယ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေလေလွင့် ဆုံးရှုံးမှုမရှိစေရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ကြရန်နှင့် နိုင်ငံတော်၏ ခွင့်ပြုတန်ဖိုးနှင့်ညီမျှသည့် လုပ်ငန်းအရည်အသွေးရရှိရေး ဆောင်ရွက်ကြရန် ဖြစ်ကြောင်း။ မိုးရာသီသို့စတင် ဝင်ရောက်လာပြီဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်များလည်း ပေါ်ပေါက်လာ နိုင်ပြီး သဘာဝဘေးဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အချိန်နှင့်တစ်ပြေးညီ ဝန်ကြီးရုံးသို့ တင်ပြ သွားရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကိုလည်း တင်ပြသွားကြရန်၊ ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများလိုက်နာရေး၊ ဝန်ထမ်းသက်သာချောင်ချိရေး၊ အဂတိတရားကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ မိမိကွပ်ကဲမှုအောက်ရှိ ဝန်ထမ်း များအားလုံး မူးယစ်ဆေးဝါးနှင့် အရက်ကင်းရှင်းပြီး ကျန်းမာကြံ့ခိုင်စေရေးတို့ကို စဉ်ဆက်မပြတ် စိတ်ဝင်တစားကြည့်ရှု စောင့်ရှောက်ပေးသွားရန်၊ ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စည်းလုံး ခြင်းသည် အင်အား” ဆိုသည့်အတိုင်း အထက်အောက်ဆက်ဆံရေး၊ အချင်းချင်းဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုတို့ဖြင့် ပေါင်းသင်း ဆက်ဆံ လုပ်ကိုင်သွားကြရန်၊ ဆင့်ကဲဆင့်ကဲ တာဝန်ရှိသူအားလုံးက မိမိအဆင့်နှင့် လျော်ညီစွာ ပြုမူ ဆက်ဆံနေထိုင်ကြရန်၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး တိုးတက်ဖြစ်ထွန်းမှုများသည် အမျိုးသားရင်ကြားစေ့ရေး၊ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုအားကောင်းလာစေပြီး မိမိတို့မျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာမည်ဟု ယုံကြည် ချက်၊ ခံယူချက်ထားရှိပြီး၊ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံခြင်းတည်းဟူသော တာ (၃) တာနှင့် အတူ စေတနာ၊ ဝီရိယတို့ဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရေး တိုက်တွန်း မှာကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးမှုဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား အသေး စိတ်ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့သည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က နိုင်ငံတော် အစိုးရ၏ညွှန်ကြားချက်၊ မူဝါဒများနှင့်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အား သာချက်၊ အားနည်းချက်များနှင့်ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ များ၊ တိုက်တွန်းအကြံပြုချက်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ် များနှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် မြေလမ်း ၂၂၅/၇ မိုင်၊ ကျောက်လမ်း ၂၃၅/၂ မိုင်၊ ကတ္တရာလမ်း ၂၂/၅ မိုင်၊ ကွန်ကရစ်လမ်း ၅/၄မိုင်၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၁၅၅/၁ ဒသမ ၅ မိုင်၊ ဂဝံ/ဗြုန်းကျောက်ခင်းလမ်း ၃၁/၀ မိုင်၊ တံတား ၉၄၃ စင်း စသည်ဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် (၈၅ ဒသမ ၄၄) ဘီလီယံဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။