နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်၊ အဓိကအားဖြင့် အလုပ် လုပ်ရန်နှင့် အလုပ် လုပ်နိုင်ရန် ဖန်တီးပေးရမည်

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်၊ အဓိကအားဖြင့် အလုပ် လုပ်ရန်နှင့် အလုပ် လုပ်နိုင်ရန် ဖန်တီးပေးရမည်

နေပြည်တော်၊ မေ - ၂၂

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊  ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း၊ ဒုတိယဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ဖွံဖြိုးတိုး တက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ အကြီးစား၊ အလတ်စားနှင့် အငယ်စားစက်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက ဆွေးနွေး တင်ပြကြရာတွင် ပဲခူးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်၊ ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမိုးသက်၊ ပန်းပုလုပ်ငန်းရှင်များ ကိုယ်စား ဦးအောင်ကျော်ဆန်း၊ Light House ကော်ဖီ(တောင်ငူ) လုပ်ငန်းရှင် ဦးဇေယျာမင်း၊ သံရည်ကြိုလုပ်ငန်းရှင်များကိုယ်စား ဦးဌေးဝင်း၊ ပဲခူးမြို့၊ မြို့မိမြို့ဖ ဦးဆန်နီနှင့် တက်ရောက်လာကြသူများက  ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် အရင်းအနှီးများနှင့်နည်းပညာများကို နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်း ဈေးကွက်လိုအပ်ချက်ရှိသည့် စားအုန်းဆီ လုပ်ငန်း တိုးချဲ့ဆောင်ရွက်လိုမှု၊ ဒေသတွင်းအောင်မြင်လျက်ရှိသည့် ပန်းပုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်း၊ ပြည်ပ လက်မှုအနုပညာပြပွဲများသို့ ပါဝင်ပြသနိုင်ရေး အတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ကော်ဖီ လုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေလိုအပ်ချက်အား ကူညီဆောင်ရွက် ပေးလိုမှု၊ ဒေသတွင်း လည်ပတ်လျက်ရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများအတွက် လိုအပ်သည်များကူညီဆောင်ရွက်ပေးစေလိုမှု၊ စိုက်ပျိုးမွေးမြူ ရေးမြို့နယ်အဆင့် ကုန်စည်ဒိုင်များဖြစ်ပေါ်လာမည်ဆိုပါက အကျိုးအမြတ်များ ဖြစ် ပေါ်လာနိုင်မှု၊ လူစွမ်းအားအရင်းအမြစ်ကောင်းများပေါ်ထွက်လာရေးနှင့် ဒေသဖွံ့ဖြိုး ရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည် မေးမြန်းဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက  ဝန်ကြီးဌာနအလိုက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ချေးငွေများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ထုတ် ချေးပေးထားပြီး ၎င်းချေးငွေများ ပြန်လည်ရရှိမှသာလျင် ရင်းနှီးမတည်ငွေများ ပြန် လည်ထုတ်ပေးနိုင်မည်ဖြစ်သဖြင့် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်း များအတွက်ချေးငွေများ ရရှိလိုမှုနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထားနိုင်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက် ရန်လိုအပ်မှု၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းအလိုက် အတိုးနှုန်း သက်သာသည့် ချေးငွေများ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ချေးငွေများ ရယူ ပြီးပါက လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်သွားရန် လိုအပ်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဦးစီးဌာနများမှတဆင့် ဆက်သွယ်ဆောင် ရွက်နိုင်မှု၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး လုပ်ငန်း များ အဆင်ပြေချောမွေ့မှုရှိစေရေးနှင့် လိုအပ်သည့် စက်ကိရိယာများ၊ ယာဉ်ယန္တရား များ၊ အရင်းအနှီးများနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဦးစီးဌာနများတစ်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှုပမာဏ ယခုထက် ပိုမိုမြင့်တက်လာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများအားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုအပ်မှု၊ ဒေသမှ ထွက်ရှိသည့် ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ပြသခြင်းနှင့် MSME လုပ်ငန်း ကော်မတီနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်မှုရယူရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍  ဆွေးနွေးပြောကြား သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင်  မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်၊ ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်ရန် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တွေ့ဆုံပွဲသို့ တက် ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့ဆောင် ရွက်ပေး၍ရနိုင်မည်ကို စဉ်းစားဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး သည် ပြည်နယ်နှင့်တိုင်းများအားလုံး၌ မွန်ပြည်နယ်ပြီးပါက စီးပွားရေး အားကောင်း သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်ကို အချက်အလက်များအရသိရှိရကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခု ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ်မှ စတင်၍ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုများကြောင့် စီးပွားရေးပိုမို ကျဆင်း ခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုနှင့် နိုင်ငံရေးပဋိပက္ခ များကြောင့် စီးပွားရေးသည် အနုတ်လက္ခဏာ ဖြစ်ခဲ့ကြောင်း။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်

ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှု နည်းပါးခဲ့ကြောင်း၊ နိုင်ငံ အနေဖြင့် ရောင်းချ၍ရသည့် ထုတ်ကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ မြေသယံဇာတပစ္စည်းများ၊ ရေသယံ ဇာတ ပစ္စည်းများကို ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ပိုမိုအောင်မြင်နိုင်သည့် အခြေခံခိုင်မာပြီးဖြစ်သော ကုန်ထုတ်လုပ်ငန်းဖြစ်သဖြင့် မိမိတို့ အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး အလုပ်လုပ်နိုင်ရန် အဓိကအားဖြင့် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး လယ်စိုက်ဧကမှာ ၁၃ သန်းကျော်ရှိကြောင်း၊ အဆိုပါ မြေများ၌ မိုးစပါးစိုက်ပျိုးပြီး သီးထပ်များကို စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ရှိပြီး အားလုံး ပြည့်စုံကောင်းမွန်နေရန်လိုကြောင်း၊ မျိုးကောင်း မျိုးသန့်များရရှိရန်လိုအပ်သကဲ့သို့ မြေဆီမြေဩဇာ ကောင်းမွန်အောင် ဆောင်ရွက်ရန် လည်းလိုကြောင်း၊ အလားတူ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် အောင်ရေများ လုံလောက်စွာရရှိရန်လည်း လိုကြောင်း၊ စိုက်ပျိုးနည်းစနစ်များလည်း မှန်ကန်ရန်လိုအပ် ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာလျင် တစ်ဧကခြင်းအထွက်နှုန်းများ တိုးတက် လာမည်ဖြစ် ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများတွင်လည်း မျိုးကောင်းမွန် ရန်လိုအပ် သကဲ့သို့ မွေးမြူရေးစနစ်များနှင့် တိရစ္ဆာန်အစားအစာများကို လုံလောက်စွာ ကျွေးမွေး နိုင် ရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားများကိုမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံအတွက်ဝင်ငွေများပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီး အထွက်နှုန်းများတိုးတက်အောင် ဆောင် ရွက် နိုင်မည်ဆိုပါက ပဲခူးတိုင်းဒေသကြီး၏ ဝင်ငွေများပိုမိုရရှိလာမည် ဖြစ်ကြောင်း။

MSME လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကုန်ကြမ်းပစ္စည်း၊ လျှပ်စစ်ဓာတ်အား၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်

MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်းများလိုအပ်ကြောင်း၊ အလား တူ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓာတ်အား များလိုအပ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးခြင်းနှင့် ရပ်တန့်ခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ယခုအချိန်အထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း PDF အမည်ခံအကြမ်းဖက်သမား များအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်စီးမှုများကို ကြုံတွေ့နေရ ကြောင်း၊ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေ ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဓာတ်မြေဩဇာများလည်း လိုအပ် သဖြင့် ပြည်ပမှ ဝယ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြား ငွေရှိမှသာ ပြည်ပမှဝယ်ယူနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေရရှိရေး ပြည်တွင်း ကုန်ထုတ် လုပ်မှု လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။

MSME လုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို မိမိတို့ အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အထက်တန်းကျောင်း များကို စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အတန်းပညာ တတ် မြောက်မှုများ နည်းပါးနေသေးကြောင်း၊ အတန်းပညာတတ်မြောက်မှသာ အတတ် ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း နွားမွေးမြူရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်သည့် အသား၊ ငါး၊ ဥများကို ထုတ်လုပ်၍ ရောင်းချနိုင်မည်ဆိုပါက ဒေသဝင်ငွေများပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ ရောင်းချနိုင်သကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ပါတင်ပို့နိုင်သဖြင့် ပဲခူးတိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

ပဲခူးတိုင်းဒေသကြီးအတွင်း ရာဘာစိုက်ပျိုးမှု ဧက ၅၀၀၀၀ ခန့်ရှိသည်ကို တွေ့ရှိ ရကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ရာဘာများကိုအခြေခံ၍ ဒေသအတွက်လိုအပ် သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တာယာများ၊ အခြား လူသုံးကုန်ပစ္စည်း များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ဒေသတွင်း ဆန်ဖူလုံမှုရှိသည်ကို တွေ့ ရှိရကြောင်း၊ စပါးကြိတ်ခွဲရာမှထွက်ရှိလာသည့် ဖွဲ၊ ဆန်ကွဲ များကိုလည်း တိရစ္ဆာန်အစာ အပါအဝင် အကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများကိုလည်း အမှန်တကယ်ဖြစ်ထွန်း အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စားသုံးဆီလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စားသုံးဆီ များကို ပြည်ပမှ နှစ်စဉ်နိုင်ငံခြားငွေများအသုံးပြု၍ ဝယ်ယူနေရကြောင်း၊ သီးထပ်များ စိုက်ပျိုးရာတွင် ဆီထွက်သီးနှံများကို အောင်မြင် ဖြစ်ထွန်းအောင်ဆောင်ရွက်နိုင်မည် ဆိုပါက ပြည်ပမှစားသုံးဆီတင်သွင်းရမှုများ လျော့ကျသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်ထုတ်လုပ် မှု များကို ဆောင်ရွက်နိုင်ခြင်းဖြင့် ဝင်ငွေများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း။

အလုပ် လုပ်ရန်နှင့် အလုပ် လုပ်နိုင်အောင် ဖန်တီးပေးရန်အဓိကလိုအပ်

နိုင်ငံ့စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်း၍ တိုးတက်အောင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အဓိကအားဖြင့် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အလုပ်အကိုင်များဖန်တီးပေးနိုင်ရေးနှင့် အလုပ်လုပ်နိုင်ရန် အခွင့် အရေးများ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံအခက်အခဲဖြစ်ပေါ်ချိန်တွင် မိမိတို့နိုင်ငံ၏အားဖြင့် သာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟုအာမခံကြောင်း၊ ထို့ကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဦးစွာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်သည့် စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက် သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကောင်းမွန် အောင် ဆောင်ရွက်လိုသည့်စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အောင်မြင်မှု များရရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့် ဆွေးနွေး တိုက်တွန်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီ အလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ ကြောင်း သတင်းရရှိသည်။