နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 နှင့် ဆောက်လုပ်ရေးကဏ္ဍ အပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့်ဆွေးနွေး

နေပြည်တော်  ဇူလိုင် 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 နှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ဆောက်လုပ်ရေး အလုပ်သမား လက်သမား အဖွဲ့ခေါင်းဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေ အနေများကို အပြန်အလှန်ဆွေးနွေးသည်။ ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်း ဆက်အမှာစကား ပြောကြားရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြောမည့်နေ့တွင် အားလုံး သိရှိပြီးဖြစ်သည့်အတိုင်း ဝမ်းနည်းစွာ ဖားကန့်ကိစ္စအား ကြားကြမည်ဖြစ်ကြောင်း၊  ဖားကန့် အကြောင်းနှင့် တစ်ဆက်တည်း ပြောလိုသည်မှာ မိမိတို့နိုင်ငံအတွက်လည်း ဝမ်းနည်းစရာ ကိစ္စတစ်ခုဖြစ်ကြောင်း၊ နောက်တစ်ခုမှာ မိမိတို့ အခြေခံ ပြည်သူများ၏စားဝတ်နေရေး ခက်ခဲမှု နှင့်ပတ်သက်နေသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ ဖားကန့်တွင်  ကျောက်တူးခြင်းမှာ မိမိတို့ပြည်သူ အများစုသည် ဝမ်းစာအတွက် သွားရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ယခုကွယ်လွန်သွား သည့်သူများထဲတွင် တရားမဝင် တူးနေသူများ အများစုပါဝင်ကြောင်း။ ယင်းကဲ့သို့ တရားမဝင် ကျောက်တူးနေခြင်းမှာ တရားဝင် အလုပ်ရှာရန်ခက်ခဲနေသည့် အခြေ အနေတွင် မိမိတို့နိုင်ငံသည် အတိုင်းအတာတစ်ခုအထိရှိနေသည်ကို လက်ခံရင်ဆိုင်ရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများတရားဝင် အလုပ်အကိုင်ရရှိရေးကို အလေးထားကြောင်း၊ ယင်းသို့ တရားဝင်အလုပ်အကိုင်ရရှိရေး အလေးထားသည့်အထဲတွင် ဆောက်လုပ်ရေးကဏ္ဍ သည် များစွာအရေးကြီးကြောင်း၊ ယင်းသို့ ပြောကြားရခြင်းမှာ အထူးသဖြင့် COVID နှင့်ပတ် သက်သည့်လုပ်ငန်းများတွင် ဆောက်လုပ်ရေးကဏ္ဍသည် အထူးပါဝင်သည်ကို ပြောကြားလို ကြောင်း၊ ဆောက်လုပ်ရေးသည် ရပ်ထား၍လည်းမရကြောင်း၊ နိုင်ငံ၏ အခြေခံအဆောက်အဦ များနှင့်လည်း ဆက်နွှယ်နေကြောင်း။ ထို့ပြင် ဆောက်လုပ်ရေးဘက်တွင် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီစေရန် လုပ်ဆောင်ပေးနိုင်သည့် အခွင့်အလမ်းများစွာရှိကြောင်း ပြောကြားသည်။ ထို့နောက် ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဆောက်လုပ်ရေး ကဏ္ဍကြီး တစ်ရပ်လုံးအပေါ် သက်ရောက်မှုအနေဖြင့် ဆောက်လုပ်ရေး ကဏ္ဍကြီးတစ်ရပ်လုံးကို မှီခိုနေ သည့် လူဦးရေမှာ၂၀၁၈ စာရင်းအရ  ဒသမ ၃၇သန်းရှိကြောင်း၊  COVID -19 ကြောင့် အဓိက ထိခိုက်သူများသည် လက်သမား၊ ပန်းရန်၊ သံချည်သံကွေး၊ အထွေထွေလုပ်သား စသည့် အောက်ခြေလုပ်သား အများစုဖြစ်ကြောင်း၊ နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး စီမံကိန်းများအနေဖြင့် COVID -19 ကြောင့် ထိခိုက်မှုပိုမိုရှိကြောင်း၊ ပြည်ပမှ စက်ယာဉ်ယန္တရားနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုနောက်ကျခြင်းနှင့် နိုင်ငံခြားသား ပညာရှင်များ လာရောက်ရန် အခက်အခဲများကြောင့် အဓိကထိခိုက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ တကာ ချေးငွေအနေဖြင့် ADB, World Bank, JICA တို့မှ ထပ်မံကမ်းလှမ်းထားမှုများရှိကြောင်း၊ ကက်ဘိနက်နှင့်ပြည်ထောင်စု လွှတ်တော်မှသဘောတူခွင့်ပြုပါက အဆိုပါ Project များ၂၀၂၁ ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း။ CERP အပေါ်ဆောင်ရွက်ခြင်းအနေဖြင့် တံတားဂိတ် ၆၈ ဂိတ်နှင့် လမ်းဂိတ်၂၄ ဂိတ်တို့အား ဇွန် ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ လမ်းအသုံးပြုခ ၅၀ ရာခိုင်နှုန်း ဖြေလျှော့ပေးခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး အစီအစဉ်အရ PPP လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လမ်းတံတား စီမံကိန်းလေးခုကို EOI ဖိတ်ခေါ်ထားခြင်းတို့ ဆောင်ရွက်ထားကြောင်း။ အထွေထွေ တင်ပြချက်အနေဖြင့် အိမ်ရာဝယ်လိုအား တက်လာရန်အတွက် ဘဏ်များမှ အရစ် ကျချေးငွေစံနှုန်းများများ ဖော်ဆောင်ပေးရန်နှင့် နိုင်ငံတော် အစီအစဉ်ဖြင့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖော်ဆောင်ပေးရန် တင်ပြလိုကြောင်း၊  တစ်နှစ်လျှင် နိုင်ငံတော်ဘတ်ဂျက် ဘီလီယံ ၂၅၀ ခွင့်ပြုပေးနိုင်ပါက စတုရန်းပေ ၆၅၀ အိပ်ခန်း နှစ်ခန်းပါ အငှားတိုက်ခန်း ၁၀၀၀၀ တည်ဆောက်ပေးနိုင် မည်ဖြစ် ကြောင်း တင်ပြဆွေးနွေးသည်။ ယင်းနောက် ဆောက်လုပ်ရေးအလုပ်သမား လက်သမား အဖွဲ့ခေါင်းဆောင် ဦးဌေးလွင်က မိမိ အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လက်သမားဆရာလုပ်ကြောင်း၊ လုပ်သက် နှစ် ၂၀ ကျော်ရှိပြီဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ရန်ကုန်မြို့ရှိ မြန်မာ့ဂုဏ်ရည်လမ်းတွင် ခြောက် ထပ်တိုက်များ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးဆိုက်ထဲတွင် အလုပ်လုပ်နေကြောင်း၊ ယင်းဆိုက်ထဲတွင် မိမိနှင့်အတူ သံချည်သံကွေး၊ ပန်းရန်၊ လက်သမား ၂၀၀ ခန့် အလုပ်ဆင်း ကြောင်း၊ မိမိတို့အနေဖြင့်  တစ်ရက်လျှင်လုပ်အားခ ၁၁၀၀၀ ရကြောင်း၊ လုပ်သားအများစုမှာ တစ်ရက် ၉၀၀၀ မှ ၁၅၀၀၀ ခန့်အထိရကြကြောင်း။ မိမိတို့ဆောက်လုပ်ရေး လုပ်သားများအတွက် တင်ပြလိုသည်မှာ မိမိတို့လုပ်သားများသည် အလုပ်သုံးရက်ခန့်မလုပ်ရပါက စားစရာအခက်အခဲဖြစ်ကြသည့်အတွက် ဆောက်လုပ်ရေးဆိုက် များ များလာစေရန် စီစဉ်ပေးရန်နှင့် မိမိတို့အလုပ်မရှိချိန်နှင့် ကျောင်းဖွင့်ချိန်တွင် ငွေချေး၍ ရအောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ဆောက်လုပ်ရေး လုပ်သားများသည်နယ်မှ ရန်ကုန်သို့လာပြီး အလုပ်လုပ်ကြသူများ ဖြစ်သည့် အတွက် ရန်ကုန်တွင် နေစရာအိမ်မရှိကြကြောင်း၊ အလုပ်ရှင်များ စီစဉ်ပေးသည့် နေရာများတွင် နေရသည့်သူများက အဆင်ပြေပြီး အချို့အနေဖြင့် ကျူးကျော်တဲများတွင်ပြန် ငှားနေကြကြောင်း၊ မိမိတို့ လုပ်သားများစုစည်းပြီး နေ၍ရသည့်မြို့ပြင်များတွင် မြေဝိုင်းများ စီစဉ်ပေးစေလိုကြောင်း၊ မိမိတို့ဘာသာတဲထိုးပြီး နေမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးရှိန်ဝင်းက   COVID ကာလနေပြည်တော်တွင်ဆောက်လုပ်မည့် အငြိမ်းစား ဝန်ထမ်းအိမ်ရာ ၁၈၉ လုံးကို MCEF အသင်းချုပ်နှင့် MLCA အသင်းချုပ်တို့သည် ဧပြီလကစတင်ဆောက်လုပ်ပြီး စက်တင်ဘာ လတွင် ပထမအသုတ်ပြီးစီးအောင် အကောင်အထည်ဖော် ဆောက်လုပ်နေကြောင်း၊ COVID-19 ကာလအတွင်း ပြည်ပကပြန်ရောက်လာသည့် နိုင်ငံသားများထဲမှ ဇွန် ၂၂ ရက်အထိ ဆောက်လုပ် ရေးနှင့်ပတ်သက်သည့် လုပ်သားစာရင်းကို ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနမှရရှိပြီး အမျိုးသား ၄၁၁၃ ဦး၊ အမျိုးသမီး ၉၇၀၊ သတင်းစာ၊ ဂျာနယ်၊ ဆိုရှယ်မီဒီယာမှတစ်ဆင့် CV Form  တောင်းခံပြီး ပြည်နယ်တိုင်းအသီးသီးမှ လုပ်ငန်းရှင်များက အလုပ်အကိုင်များပေးနိုင်ရန် လုပ်ဆောင်နေကြောင်း၊ အင်ဂျင်နီယာ၊ Skill Labour အထွေထွေ လုပ်သားခွဲခြားစာရင်း ကောက်ယူမည်ဖြစ်ပြီး အထွေထွေလုပ်သားထဲမှ Skill Labour ဖြစ်လိုသူများကို သင်တန်း ပေးသွားမည်ဖြစ်ကြောင်း၊ မကြာမီ နေပြည်တော် MCEF အသင်းချုပ်ပိုင် မြေ ဧကပေါ်တွင် ဂျပန်နိုင်ငံ ဟော့ကိုင်းရိုး အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ဂျပန်နည်းပညာ ဆောက်လုပ်ရေး သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ COVID-19 ကာလတွင် နိုင်ငံတော် ဘတ်ဂျက်မသုံးဘဲ လက်ရှိဝန်ထမ်းများ Down Payment အနည်းဆုံးနှင့် လစဉ်အရစ်ကျသက်သာသော ငွေပေးချေမှုနှင့်အတူ ၎င်းဝန်ထမ်းများ ပင်စင်ယူ သည့်အခါ တိုက်ခန်းအလွယ်တကူ ပိုင်ဆိုင်နိုင်ရေးအတွက် MCEF အသင်းချုပ်အနေဖြင့် Pilot Project တစ်ခုကို နိုင်ငံတော်အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။ ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခု အထိ ဆောက်လုပ်ရေးပိုင်းတွင် COVID ရောဂါပြန့်ပွားမှုမရှိသေးကြောင်း။ COVID ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် မိမိတို့ပြည်သူများအတွက် အထူးအစီအစဉ်များ လုပ်ဆောင်ထားကြောင်း၊ မိမိတို့၏ အလုပ်သမားများဘက်ကလည်း အကြံဉာဏ်များပေးလိုလျှင် ပွင့်ပွင့်လင်းလင်း ရဲရဲ တင်းတင်းပေးစေလိုကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာကျောင်းများ ပို၍ဖွင့်ပေးရန်မှာ နိုင်ငံတော်၏ဆန္ဒ၊ မူဝါဒနှင့်ကိုက်ညီကြောင်း၊ အမြန်ဆုံး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။