ရန်ကုန်၊ လူမှုရေး
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးကာလအတွင်း ယာယီပိတ်ထားသည့် ရုပ်ရှင်ရုံများပြန်လည် ဖွင့်လှစ်နိုင် ရန် ဇူလိုင်လ အတွင်း ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီ ထွန်းလွင် က ပြောကြားသည်။ ''ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်မယ်ဆိုရင် ဘယ်လိုပုံစံနဲ့လုပ်ရမလဲ၊ ရုပ်ရှင်ရုံတွေ ဘက်ကလည်း အဆင်ပြေ၊ ထုတ်လုပ်သူ တွေဘက်ကလည်း နစ်နာမှုမရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ညှိနှိုင်းရမှာဖြစ်ပါတယ်။ ပြန်ဖွင့်ရင် လည်း ပရိသတ်တွေ အများကြီး လာရောက် ကြည့်ရှုဦးမှာ မဟုတ်သေးဘူး'' ဟု ဦးညီညီထွန်းလွင် ကပြောသည်။ အဆိုပါရုပ်ရှင်ရုံများကို မတ်လလယ်ပိုင်းမှစ၍ ယာယီ ပိတ်ထားခဲ့ပြီး ယင်းတို့ ကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်အစည်း အရုံးမှအမှုဆောင်များနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ ညှိနှိုင်း ဆွေးနွေးမည်ဖြစ်သည်။ ယင်းရုပ်ရှင်ရုံများ ကို မူလက ဧပြီလကုန်အထိသာပိတ်ရန် သတ်မှတ် ခဲ့သော်လည်း လက်ရှိအချိန် ထိ ဆက်လက်ပိတ်ထားရဆဲဖြစ်ကြောင်း၊ လတ်တလောတွင် အားပေးမှုများ ပြားခဲ့ သည့် ရုပ်ရှင် ကားများကို ပြည်တွင်းရုပ်သံ လိုင်းများနှင့် Online Application များ၌ ပြသပေး လျက်ရှိကြောင်း သိရသည်။ စိုးမိုး