နေပြည်တော် ဇူလိုင် ၁
ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ကျင်းပ ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂ဝ၂ဝ) ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လာမည့် ဒုတိယ အကြိမ်လွှတ်တော် အသီးသီး၏ (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို၂ဝ၂ဝ ပြည့်နှစ် ဇူလိုင် ၁၃ ရက် တွင် စတင်ကျင်းပရန် ကြေညာထားပြီးဖြစ်ကြောင်း၊ ခေါ်ယူထားသည့် လွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စု အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏အမျိုး သားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် အခွန်အကောက် ဥပဒေကြမ်းတို့အပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်း များကို ဦးစားပေးအလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်မှု အရ လွှတ်တော် ကိုယ်စားလှယ်များအား ကျန်းမာရေး ဆေးစစ်မှုခံယူနိုင်ရေးအတွက် ဇူလိုင် ၁ဝ ရက်အရောက် နေပြည်တော် သို့ လာရောက်စေ၍ ဇူလိုင် ၁၁ ရက်တွင် နှာခေါင်းတို့ဖတ် (Nasal Swab) ယူကာ စစ်ဆေး မှုခံယူ စေပြီး ဇူလိုင် ၁၂ ရက်တွင် ဓာတ်ခွဲစစ်ဆေးမှုအဖြေရရှိ ရေးကို ပူးပေါင်းဆောင်ရွက်ရန် အသိပေး အကြောင်း ကြားပြီးဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေး၊ ကျန်းမာရေး၊ သွားလာ နေထိုင်ရေးတို့ အပါအဝင် လွှတ်တော်အစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စ ရပ်များကို ပြည်ထောင်စု အစိုးရ အဖွဲ့၊ သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဗဟိုကော်မတီနာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မကြာမီကျင်းပ မည့် လွှတ်တော်အသီးသီး၏ (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရန် ယခင် ကျင်းပခဲ့သည့် အစည်းအဝေးများကဲ့သို့ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက ညီညီညွတ်ညွတ်စည်းစည်း လုံးလုံးဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြ သည့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော် ကောင်စီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင် ရွက်ထား ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယက က လုပ်ငန်း ကော်မတီများ၏ ဆွေးနွေး တင်ပြချက်များ အပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်း ဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန် ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။