သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ မေ - ၂၄
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွွဲ့များသည် အဆိုပါမြို့ရှိ ဂူဝဘုရား တောင်တက် လမ်းတစ်လျောက်ရှိ လဲကျနေသော သစ်ပင်၊သစ်ကိုင်းကြီးများအား ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် စေတီတောင်ရပ်ကွက်နှင့် ဆားပြင်ကွင်းရပ်ကွက်တို့တွင် ချက်ပြုတ်စားသောက်မှု အဆင်ပြေစေရေး သောက်သုံးရေများ ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျောက်တော်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်များအတွင်း သောက်သုံး ရေများ ဖြန့်ဝေပေးလျက်ရှိသည်။
အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် မောင်တောမြို့၊ ကံတိုင်းအောင်ကျေးရွာနှင့် ပဲရုံကျေးရွာရှိ လေဘေးသင့်ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကံတိုင်းအောင် ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနိုင်ရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် တောင်ရင်းတန်းရပ်ကွက်၌ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ လုပ်ဆောင် လျက်ရှိသည်။ထို့ပြင် အရှေိ့မြောက်ရပ်ကွက်တွင် လျှပ်စစ်မီး အမြန်ပြန်လည်ရရှိရေး မီးကြိုး များပျက်စီးနေမှုအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် စာသင်ချိန်အမီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ လဲကျနေသော သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကင်းချောင်းကျေးရွာနှင့် ကကျက်ဘတ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများ အား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင် ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဖြန့်ဝေပေးလျက်ရှိသည်။
ကျန်ရှိသည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများ အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ် ဆောင်ရန် လိုအပ်လာပါက အမြန်ဆုံးသွားရောက်နိုင်ရေး ပြင်ဆင်စုဖွဲ့ထားလျက်ရှိ သည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။