ပုလောမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ခရီးသွားမော်တော်ယာဉ် ၁ စီး ပေါ်တွင်လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ပုလောမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ခရီးသွားမော်တော်ယာဉ် ၁ စီး ပေါ်တွင်လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ - ၂၄

            တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမား များက အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော် ယာဉ်အား လက်နက်ငယ်များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ မြိတ်-ထားဝယ်ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ပုလော မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား နယ်မြေခံလုံခြုံရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ယနေ့ နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံရေးစစ်ဆေးမှုခံယူလျက်ရှိသည့် တနင်္သာရီရိုးမ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် ပုလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

            ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။