ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း

နေပြည်တော်၊ မေ-၂၄

        ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ရောက်ရှိနေသော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်  တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် မင်းပြားတပ်နယ်ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များရှိ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင်တည်ဆောက် နိုင်ရေးမှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံအားပေးစကား ပြောကြား ကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များပေးအပ်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် အဆိုပါ တပ်နယ်တပ်ရင်းများ၌မွေးမြူထားသည့် ဥစားကြက်မွေးမြူရေးခြံနှင့် ဝက်မွေးမြူရေး ခြံ တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဥစားကြက်များ၏  ဥနှုန်းများ သတ်မှတ် နှုန်းထား ပြန်လည်ပြည့်မီနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ အစာပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ပုဏ္ဏား ကျွန်းမြို့နယ် နယ်မြေခံတပ်ရင်း၏ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော အဆောက်အဦများ အား ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ ပျက်စီးမှု ရာခိုင် နှုန်းများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ကာ ပြန်လည်ပြင်ဆင် တည်ဆောက်သွား ရန် မှာကြားခဲ့ပြီးအိမ်ထောင်သည်ရဲမေ၊ မိသားစုဝင်များအားတွေ့ဆုံ၍ အားပေးစကား ပြောကြားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကြက်ဥ နှင့် ခေါက်ဆွဲခြောက်များပေးအပ်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ရသေ့တောင် တပ်နယ်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ကြိုဆိုကြသည်။ ထို့နောက် ရသေ့တောင် တပ်နယ်ရှိ မုန်တိုင်းသင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များရှိ အဆောက် အဦများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဦးစားပေးအဆင့် သတ်မှတ်ချက်များအလိုက် အမြန် ဆောက်လုပ်ပေးသွားရန်မှာကြားခဲ့ပြီး အိမ်ထောင်သည် ရဲမေ၊ မိသားစုဝင်များ အား တွေ့ဆုံ၍အားပေးစကား ပြောကြားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖို ချောင် သုံးပစ္စည်းများ၊ ကြက်ဥ နှင့် ခေါက်ဆွဲခြောက်များပေးအပ်သည်။ ယင်းနောက် ရသေ့တောင်မြို့တွင် ရောက်ရှိနေသော တပ်မတော်မှ ကြိုတင် စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ၎င်းအဖွဲ့တွင်ပါဝင်သည့် ရေသန့်ယာဉ်များမှ ရေသန့် ထုတ်လုပ်နေမှုများနှင့် ရသေ့တောင်မြို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရသေ့တောင်မြို့၊ မြသာကန်အတွင်းမှ ရေများကို ရေသန့်ယာဉ်များဖြင့် သန့်စင်၍ ပေးဝေနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ယင်းနောက် စစ်တွေတပ်နယ်ရှိ မုန်တိုင်းဒဏ်သင့်၍ပျက်စီးခဲ့သော တပ်ရင်းတပ်ဖွဲ့များရှိ အဆောက် အဉီများအား လိုက်လံကြည့်ရှုကာ မိုးမကျမီ တပ်ရင်း၊ တပ်ဖွဲ့မိသားစုများ အဆင် ပြေချောမွေ့စွာပြန်လည် နေထိုင်နိုင်ရေးအတွက်  ပြုပြင်ရေး လုပ်ငန်းများကို အမြန်ဆုံး  ဉီးစားပေးအဆင့်အလိုက်  ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်ရင်း၊ တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကြက်ဥ နှင့် ခေါက်ဆွဲခြောက်များပေးအပ်သည်။

ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကာ ထိခိုက်ပျက်စီးခဲ့မှုများအား ကြည့်ရှုပြီး လိုအပ်သည်များမှာကြားသည်။ ယင်းနောက် ဆေးရုံတွင် တက်ရောက် ကုသမှုခံယူလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။