သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ မေ - ၂၅

       သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

   ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် အဆိုပါမြို့ရှိ မြို့ဦးဘုန်းကြီးကျောင်း တွင် ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိပြီး လမ်းဘေးဘယ်ညာမှ လဲကျနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

   အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော  ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ စာသင်ဆောင်အမိုးအား ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

       ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည်  အဆိုပါမြို့ရှိဒေသခံပြည်သူများအား ချက်ပြုတ်ရေးအဆင်ပြေစေရန် သောက်သုံး ရေများ ဖြန့်ဝေပေးလျက်ရှိသည်။

   စစ်တွေမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ စစ်တွေ-ရန်ကုန်သွားကားလမ်းပေါ်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။  အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပူးပေါင်း၍ မောင်တောမြို့၊ ပဲရုံကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

   အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်ခြားရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အဆိုပါမြို့ရှိ မဟာ အောင်မြေရတနာကျောင်းတိုက်၊ ဇေယျာဂီရိကုလရက္ခိတတောင် အလိုတော်ပြည့် ကျောင်းနှင့် အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်တို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

  ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

       ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။