ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း အောင် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ - ၂၅
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ် ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်ရှိ စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံတွင် ကန်စွန်းစိုက်ပျိုးထားရှိမှု၊ ရုံးပတီစိုက်ပျိုးထားရှိမှု၊ ခရမ်းစိုက်ပျိုးထားရှိမှု၊ တိုင်ထောင်ပဲစိုက်ပျိုးထားရှိမှု၊ ဗူးစိုက်ပျိုးထားရှိမှု၊ ငွေနှင်းမှိုစိုက်ပျိုးထားရှိမှု၊ မြေအစားထိုး ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရှိမှု၊ တစ်သျှူး ငှက်ပျောစိုက်ပျိုးထားရှိမှု၊ ဥစားကြက်မွေးမြူထားရှိမှု၊ ဥစားဘဲမွေးမြူထားရှိမှု၊ DYL ဝက်မွေးမြူထားရှိမှုနှင့် အသားတိုးနွား မွေးမြူထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာကုန်ထုတ် လုပ်မှုလုပ်ငန်း များရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။