မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မေ - ၂၅

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဘုရားကြီးဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

      တိုင်းစစ်ဌာနချုပ်၊ ဆေးကုသရေးအဖွဲ့များက သံဃာတော် ၄၈ ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၅၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြော ရောဂါ၊အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။