တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက စုပေါင်းလှူဒါန်းသည့် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ မင်းကန်ရွာကတ္တရာလမ်းနှင့် တောင်သာတောင်ပေါ် ဖောင်တော်ဦးစေတီ ကွန်ကရစ်တောင်တက်ဘုရားလမ်း လွှဲပြောင်းပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ -

   

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သြဂုတ် ၂၅ ရက်တွင် သွားရောက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်သို့ ခရီးစဉ်အတွင်း ဒေသခံပြည်သူများ၏ တောင်းဆိုတင်ပြမှုကြောင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက စုပေါင်းလှူဒါန်းပြီး ဖောက်လုပ်ပြီးစီးခဲ့သည့် တောင်သာ-မလှိုင် ကားလမ်းမသို့ သွားသော မင်းကန်ရွာလယ် ကတ္တရာလမ်း လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်သာမြို့ရှိ တောင်နီအေးဘုန်းတော်ကြီးကျောင်း ဘုရားပွဲကုန်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

   

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားတိုင်းမှူးက ဖောက်လုပ် ပြီးစီးခဲ့သည့် ရွာလယ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူများ ကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ယခုကဲ့သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းဖောက်လုပ်ပေးသည့် မင်းကန်ရွာလယ် ကတ္တရာလမ်း ခင်းပေးခြင်းအပေါ် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း  ပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းမှူးက ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းပြီးစီးကြောင်း လက်မှတ်နှင့် မှတ်တမ်းဓာတ်ပုံများကို လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။

   

အဆိုပါ ရွာလယ်လမ်းသည် ယခင်က အရှည် ၂၇၀၀ ပေ၊ အကျယ် ၁၂ ပေရှိ သဲမြေလမ်းအနိမ့်ဖြစ်ပြီး အဆင့်မြှင့်တင် ကတ္တရာလမ်းအဖြစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ငွေကျပ် ၃၂၄ သိန်းအကုန်အကျခံ၍ လှူဒါန်းဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။   

   

အလားတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက စုပေါင်းလှူဒါန်း ဖောက်လုပ်ပြီးစီးခဲ့သည့် တောင်သာတောင်ပေါ် ဖောင်တော်ဦးစေတီ ကွန်ကရစ်တောင်တက်ဘုရားလမ်း လွှဲပြောင်းပေးအပ်ခြင်းကို တောင်သာတောင်ပေါ်ရှိ သစ်တောဦးစီး ဌာနရှင်းလင်းဆောင်၌ ပြုလုပ်ရာ တိုင်းမှူးက တက်ရောက် အမှာစကား ပြောကြားပြီး ကွန်ကရစ်တောင်တက်ဘုရားလမ်း ပြီးစီးကြောင်း လက်မှတ်နှင့် မှတ်တမ်းဓာတ်ပုံများကို လွှဲပြောင်း ပေးအပ်သည်။

   

အဆိုပါ တောင်တက်လမ်းနှင့် တောင်ပေါ်ဘုရားအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက အရှည် ၁၅၈၄၀ ပေ၊ အကျယ် ၂၄ ပေရှိ မြေသားလမ်းဖောက်လုပ် ပေးပြီး ၎င်းအနက် အရှည် ၁၁၉၁၈ ပေကို လက်မထု၊ ပေအကျယ်ရှိ ကွန်ကရစ် လမ်းဖောက်လုပ်ပေးခြင်း၊ တောင်ခြေနေရာတွင် အားကစားပစ္စည်း မျိုးတပ်ဆင်ပေးခြင်း၊ ကားရှောင်ကွင်းနေရာ ပြုလုပ်ပေးခြင်း၊ အန္တရာယ်ကင်းရှင်းစေရန် လမ်းကွေ့နေရာများ ချဲ့ပေးခြင်း၊ အန္တရာယ် ရှိသော နေရာများတွင် Safe Guard များ တပ်ဆင်ပေးခြင်းနှင့် ဘုရားဂန္ဓာ ကုဋိတိုက်၌ အမိုး အသစ်မိုးပေးခြင်း၊ ပြတင်းပေါက်များ အသစ်လဲလှယ်ပေးခြင်းတို့ကို ငွေကျပ် သိန်း ၂၀၀၀ အကုန်အကျခံ လှူဒါန်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

   

၎င်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တောင်သာတောင်ပေါ်ရှိ တောင်တော်ဦးစေတီသို့ သွားရောက်၍ တောင်သာမြို့၊ ကျောင်းသစ်ကျောင်း ပရိယတ္တိစာသင်တိုက်ဦးစီး ပဓာနဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒောဘာသဘိဝံသအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။