Covid-19  ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၃

   

Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေများကို အလှူရှင်များက ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းသည်။

   

ဦးစွာ အလှူရှင်ဖြစ်သည့် သူရဦးအောင်ထက်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သူရဦးအောင်ထက်နှင့် မိသားစုက  Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် အလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။