မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၃
    
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။