အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်
နေပြည်တော်၊ မေ - ၂၆
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉ်တစ်စီးသည် ရန်ကုန်မြို့မှ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် MV Aquarius ၊ MV Sun Shine နှင့် MV Fortune ရေယာဉ် ၃ စင်းပေါ်မှ သွပ်ပြား ၃,၀၀၀ ချပ်၊ တာပေါ်လင်မိုးကာတဲ ၅၂ ထုပ်၊ တာပေါ်လင်မိုးကာလိပ် ၅၀ လိပ်၊ အိမ်ရိုက်သံ/သွပ်သံ ၂၁၆ ဖာ၊ မိုးကာတဲ ၁၆ လုံး၊ ကြက်ဥ ၆,၀၀၀ လုံး၊ ခေါက်ဆွဲ ခြောက် ၁၈၄ ဖာ၊ သွားတိုက်တံ ၃၄၅၀ ချောင်း၊ သွားတိုက်ဆေး ၁၈,၀၀၀ ဗူး၊ ၂၀ လီတာ ရေဗူးခွံ ၅၀ ဗူး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးမှ အိမ်သာခွက် ၄၅၀ ခု၊ အိမ်သာပိုက် ၄၅၀ ခု၊ ဓာတ်ဆား ၅,၀၀၀ ထုပ်၊ စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းကိရိယာ ၃၀ ထုပ် စုစုပေါင်းကုန်တန်ချိန် ၅၅ တန်တို့ အား စစ်တွေမြို့ Essar တံတား၌တင်ဆောင်၍ ယနေ့ နံနက်ပိုင်းတွင် ပေါက်တော ကမ်းထိုးရပ်သို့ ထွက်ခွာသွားခဲ့ပါသည်။ အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာ သည့် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။