သင်တန်းတက်ရောက်ပြီးမြောက်သည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ
နေပြည်တော်၊ မေ - ၂၆
ရန်ကုန်တိုင်းဒေသကြီးသို့ လေ့လာရေးခရီးရောက်ရှိနေသော ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများ အား သင်တန်းကာလနှင့် လေ့လာရေးခရီးစဉ်များ ပြီးမြောက်၍ တပ်မတော်လေယာဉ်/ မော်တော်ယာဉ်တို့ဖြင့် သက်ဆိုင်ရာမြို့နယ် အသီးသီးသို့ ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင် ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများက ကြိုဆိုခဲ့ကြသည်။
ဆက်လက်ပြီး သက်ဆိုင်ရာသင်တန်းစခန်းအသီးသီးရှိ တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။