နေပြည်တော်၊ နိုဝင်ဘာ - ၃
Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask များကို ပြည်သူများ အသုံးပြုနိုင်ရန် လက်ဝယ်အရောက်အခမဲ့ ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက Mask၃၀၀၀ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းကြသည်။
Covid-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် Mask များကို ဒေသခံပြည်သူများအား အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။