စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့် ကျေးလတ်နေဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ၊ မြို့ပေါ်နှင့် ကျေးလတ်နေဒေသခံ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့် ကျေးလတ်နေဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ၊ မြို့ပေါ်နှင့် ကျေးလတ်နေဒေသခံပြည်သူ စုစုပေါင်း ၅၅၀၉ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့

နေပြည်တော်၊ မေ - ၂၇

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နှင့် ကျေးလက်နေဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် သွားရောက်ခဲ့သည့် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ အထူးဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးနှင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  တပ်မတော်အရာရှိကြီးများက  ဇေယျာသီရိမြို့နယ် ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)၌ ကြိုဆိုနှုတ်ဆက်ကြသည်။

        ထို့နောက် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးဆေးကုသ ရေးအဖွဲ့အား တွဲဖက်စစ်ရေးချုပ်နှင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်ကာ နေ့လည်စာ ဖြင့် တည်ခင်းဧည့်ခံသည်။

        အဆိုပါ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ  နယ်လှည့်အထူးဆေးကုသ ရေးအဖွဲ့တွင် ဆေးကုသမှု ပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များပါဝင်ပြီး အဆိုပါအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ် ပါဝင်ပြီး စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့ပေါ်နှင့် ကျေးလက်နေဒေသခံပြည်သူများအား မေ ၁၇ ရက်မှ ၂၃ ရက်အထိ လိုအပ်သည့် ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ခြင်းအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံရန် လိုအပ်သူ ၂၉၈၃ ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

        ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဆေးကုသမှု ဆိုင်ရာရောဂါလူနာစုစုပေါင်း ၁၆၀၇ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါလူနာစုစုပေါင်း ၄၉၅ ဦး၊ ကလေးရောဂါလူနာစုစုပေါင်း ၂၃၅ ဦး၊ သားဖွားမီးယပ်ရောဂါလူနာစုစုပေါင်း ၂၂၉ ဦး၊ အရိုးရောဂါလူနာစုစုပေါင်း ၆၃၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ စုစုပေါင်း ၂၉၆ ဦး၊ မျက်စိရောဂါလူနာစုစုပေါင်း ၁၃၆၅ ဦး၊ သွားရောဂါလူနာ စုစုပေါင်း ၆၄၆ ဦး အပါအဝင် ပြည်သူလူထု စုစုပေါင်း ၅၅၀၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သာမန်ခွဲစိတ်လူနာ စုစုပေါင်း ၁၀၅ ဦး၊ မျက်စိခွဲစိတ်လူနာစုစုပေါင်း ၁၀၅ ဦး၊ ရွေ့လျားခွဲစိတ်ယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်များဖြင့် ခွဲစိတ်ကုမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

        ထို့အပြင် ဓာတ်မှန်ရိုက်လူနာစုစုပေါင်း ၁၈၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာစုစုပေါင်း ၃၅၆ ဦး၊ Ultra-sound စမ်းသပ်လူနာစုစုပေါင်း ၄၁၅ ဦး နှင့် ဓာတ်ခွဲ စမ်းသပ်မှု လူနာစုစုပေါင်း ၆၈၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်လျက်ရှိသည့် ဒေသခံ ပြည်သူ ၁ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ စနစ်တကျလွှဲပြောင်း ကုသမှု များဆောင်ရွက်ပေးခဲ့သည်။

        တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ အရှန်အဟုန်မြှင့်တင်ရေးတွင် စဉ်ဆက်မပြတ် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။