သင်တန်းတက်ရောက်ပြီးမြောက်သည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

သင်တန်းတက်ရောက်ပြီးမြောက်သည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

နေပြည်တော်၊ မေ - ၂၇

         ရန်ကုန်တိုင်းဒေသကြီးသို့ လေ့လာရေးခရီးရောက်ရှိနေသော ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများ အား သင်တန်းကာလနှင့် လေ့လာရေးခရီးစဉ်များပြီးမြောက်၍ တပ်မတော်မှ မော်တော်ယာဉ်များ၊ စစ်ရေယာဉ်များနှင့် လေယာဉ်တို့ဖြင့် သက်ဆိုင်ရာမြို့နယ် အသီးသီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘပြည်သူ များမှ ကြိုဆိုခဲ့ကြသည်။

         ဆက်လက်ပြီး သက်ဆိုင်ရာသင်တန်းစခန်းအသီးသီးရှိ တာဝန်ရှိသူများမှ သင်တန်းသား/သင်တန်းသူများအား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။