လပွတ္တာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

လပွတ္တာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မေ - ၂၇

            ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာ တော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ သရက်တောပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

            ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလး ရောဂါ၊  အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၇၂ ပါးနှင့် ဒေသခံပြည်သူ ၁၀၃ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

            အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာ ဘုံရပ်ကွက် ဝိဘဇ္ဇဝါဒီစာသင်တိုက်ရှိ သံဃာတော်များနှင့် ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေးအဖွဲ့က   အဆိုပါ ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

            တိုင်းစစ်ဌာနချုပ် ဆေးကုသရေးအဖွဲ့ အနေဖြင့် သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊  သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၁၂၀ ပါးနှင့် ဒေသခံပြည်သူ ၁၀၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

            ထို့အပြင် သံဃာတော် ၁၈၂ ပါးနှင့် ဒေသခံပြည်သူ ၁၉ ဦးတို့ကိုလည်း တပ်မတော်မှ ‌ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများ ကိုတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။