အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၇

        အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်(၂၈)ကြိမ်မြောက် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြာသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲ(၃)ယောက် တွဲ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ကျီကုန်းတပ်နယ်အသင်းနှင့် မုံရွာတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

        ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းအကောင်းဆုံးဆုများ၊ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းများ၊ ဒိုင်အဖွဲ့ ဝင်များအား ဂုဏ်ပြုလက်ဆောင်နှင့် ဒိုင်းဆုရရှိသည့် ကျီကုန်းတပ်နယ်အသင်းတို့အား ဆုများအသီးသီးချီးမြှင့်ကြသည်။

        အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့် မေ ၂၄ ရက်မှ ယနေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။