ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ရသေ့တောင်တပ်နယ်၊ ကန်စောက်တပ်နယ်နှင့် ကျောက်တော်တပ်နယ်များ သို့သွားရောက်ကြည့်ရှုစစ်ဆေး၍ တပ်မတော်သားမိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ရသေ့တောင်တပ်နယ်၊ ကန်စောက်တပ်နယ်နှင့် ကျောက်တော်တပ်နယ်များ သို့သွားရောက်ကြည့်ရှုစစ်ဆေး၍ တပ်မတော်သားမိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်၊ မေ  - ၂၇

              ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့တွင် ရသေ့တောင်တပ်နယ်၊ ကန်စောက်တပ်နယ် နှင့် ကျောက်တော်တပ်နယ်များသို့ သွားရောက်၍ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးခဲ့ရသည့် နေအိမ်အဆောက်အဦများ၊ စာသင်ကျောင်းများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

              ထိုကဲ့သို့ တပ်နယ်များအလိုက် ကြည့်ရှုစစ်ဆေးစဉ်  မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နေအိမ်အဆောက်အဦများ၊ စာသင်ကျောင်းများ အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးစေရေး၊ ယာယီနေထိုင်နိုင်ရန်အတွက် သတ်မှတ်အဆောက်အဦနေရာများအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ သုံးရေရရှိရေးနှင့် ကျန်းမာရေးကောင်းမွန် စွာ နေထိုင်နိုင်ရေးတို့အတွက် လမ်းညွန်မှာကြားကာ လုပ်ငန်းများအချိန်မီပြီးစီးစေရေး အတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ ထို့နောက် တပ်နယ်အသီးသီးရှိ တပ်မတော်သားမိသားစုဝင်များနှင့် ကျောင်းသား / ကျောင်းသူများအား တွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။