လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်၊ မေ - ၂၈

       မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ  ဝန်းကျင်တစ်ဝိုက်တွင် မေ ၂၄ ရက် နံနက် ၃ နာရီ ၄၅ မိနစ်မှ နံနက် ၄ နာရီ အထိ တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်း ၃၀ မိုင်ခန့်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ လူနေအိမ် ၂၁ လုံး အမိုးလန်ခြင်း၊ ပြိုကျပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့ သည်။

    အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေ များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အုပ်စု၊ ရသေ့တောင်ကျေးရွာ၊ ရသေ့တောင်ကျောင်းသစ်ဓမ္မာရုံ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ဒေသခံပြည်သူများ တက်ရောက် ကြသည်။

       ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်သဘာဝဘေး တုန့်ပြန်ရေးနှင့် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ က သဘာဝဘေး ဖြစ်ပွားမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။  ယင်း နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ အား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

         ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဘေးသင့် ခဲ့သည့်နေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။