မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာအုပ်စု၊ ထိန်ကုလားကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာအုပ်စု၊ ထိန်ကုလားကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မေ - ၂၈

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာအုပ်စု၊ ထိန်ကုလားကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

     ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဒေသခံ လူငယ်များ၏ တေးသီချင်းများဖြင့် သရုပ်ဖော်ကပြနေမှုများအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်သည်။ ထို့နောက် နိုင်ငံတော်အကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က  ကွန်ကရစ်လမ်းသစ် ဖွင့်လှစ် ခြင်းနှင့်ပတ်သက်၍  အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ဒေသခံပြည်သူ များကိုယ်စား တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး  ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

      ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလား ကျေးရွာရှိ အခြေခံပညာ မူလတန်း(လွန်) ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံကာ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာ များ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။