နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကျောက်ဆည်  မေ  ၂၈

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် နည်းပညာတက္ကသိုလ် ကျောက်ဆည် ဘွဲ့နှင်းသဘင်ခန်းမ၌  မေ၂၈ ရက် နံနက်ပိုင်းတွင်    (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာခင်မောင်ချင်း က နည်းပညာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများအား  ဘွဲ့များအပ်နှင်းပြီး နေ့စဉ်နေ့တိုင်း  နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ဘွဲ့ရများနှင့်အညီ ဆီလျော်ထိုက်တန်စွာ ပြောဆိုနေထိုင်ရေး၊  ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့်    မွန်မြတ်သောပညာ ရှာမှီးမှုများ ဆောင်ရွက်ရာတွင်   အခွင့်အရေး အစွမ်းသတ္တိရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြစေရေး၊ ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းသာယာ ဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစွမ်းသတ္တိ ရှိသမျှကြိုးပမ်းဆောင်ရွက်ရေး  မေးမြန်းကတိပြုခဲ့ကြပြီး  မဟာအင်ဂျင်နီယာဘွဲ့၊  မဟာသိပ္ပံဘွဲ၊  အင်ဂျင်နီယာဘွဲ့၊ သိပ္ပံဘွဲ့များရရှိသည့်   ကျောင်းသား၊ ကျောင်းသူများထံသို့   ဘွဲ့လက်မှတ်များ လက်ဝယ်အရောက်   ချီးမြှင့်အပ်နှင်းပြီး အဝေးရောက်ဘွဲ့ယူမည့်  ကျောင်းသား၊ ကျောင်းသူစာရင်းအား အတည်ပြုလက်မှတ် ရေးထိုးပေးကြောင်း သိရသည်။

ဆက်လက်၍ ပါမောက္ခချုပ်ဒေါက်တာခင်မောင်ချင်းက နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၏   ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်များ၌ ကောင်းစွာ  ပေါက်မြောက်အောင်မြင်ခဲ့ကြသည့် မဟာအင်ဂျင်နီယာဘွဲ့ရ ၁၇ ဦး၊ မဟာသိပ္ပံဘွဲ့ရ နှစ်ဦး၊  အင်ဂျင်နီယာ ဘွဲ့ရ  ၁၀၂ ဦး စုစုပေါင်းဘွဲ့ရ ၁၂၁ ဦးတို့ရှိကြောင်းနှင့် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့်  အင်ဂျင်နီယာနှင့်သိပ္ပံပညာရပ်ဆိုင်ရာ အခြေခံကောင်းများကို ဆက်လက်လေ့လာ ဆည်းပူးပြီး အောင်မြင်သူများ ဖြစ်အောင် ကြိုးစားသွားကြစေရေး မှာကြားကြောင်း  သိရသည်။