တူရင်၊ ဘောလုံး
တိုက်စစ်မှူးစီရော်နယ်ဒိုသည် အောက်တိုဘာ ၁၃ ရက်က ပေါ်တူဂီနိုင်ငံ လက်ရွေးစင်အသင်းနှင့် အတူရှိနေစဉ် COVID-19 ရောဂါကူးစက်ခံခဲ့ရကာ နိုဝင်ဘာ ၁ ရက်တွင် ဂျူဗင်တပ်စ်အသင်းက စပီဇီယာ အသင်းကို ၄ ဂိုး-၁ ဂိုးဖြင့်
အနိုင်ရသည့် စီးရီးအေပွဲတွင် ရောဂါပျောက်ကင်းပြီး ပြန်လည်ကစားခွင့်ရခဲ့ကာ ထိုပွဲတွင် တစ်ဂိုးစီ သရေကျ နေချိန် ဒုတိယပိုင်းမှ စီရော်နယ်ဒိုလူစားဝင်လာပြီးနောက် နှစ်ဂိုးသွင်းပေးနိုင်ခဲ့သည်။ ဂျူဗင်တပ်စ်အသင်း သည် စီရော်နယ်ဒိုကို လေးပွဲအသုံးမပြုနိုင်ခဲ့ဘဲ စီရော်နယ်ဒိုမရှိချိန် စီးရီးအေနှစ်ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဘာစီလိုနာနှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲ၌လည်း နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။
စီရော်နယ်ဒိုသည် ဘာစီလိုနာနှင့်ပွဲမတိုင်မီ ဒုတိယအကြိမ် ပိုးရှိ၊ မရှိ ထပ်မံဆေးစစ်ရာတွင် ပိုးရှိနေသေး သည့်အတွက် ဒေါသထွက်ကာ အာခေါင်တို့ဖတ် နမူနာယူစစ်ဆေးခြင်းနှင့်ပတ်သက်၍ မကျေနပ်စကားပြော ဆိုခဲ့သည်။
ယင်းနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို စီရော်နယ်ဒိုက ပြန်မဖြေဘဲ “စီရော်နယ်ဒိုပြန်လာပြီလေ။ အဲဒါက အဓိကပဲ” ဟု တုံ့ပြန်ခဲ့သည်။ ဆက်လက်ပြီး စီရော်နယ်ဒိုက “ကျွန်တော် စာရေးကိရိယာဆိုင်မှာ ရှိနေတုန်း COVID-19 ရောဂါ ကူးစက်ခံရတဲ့သတင်း သိရတာပါ။ ဘာရောဂါလက္ခဏာမှလည်း မပြဘူး။ အခု ကျွန်တော်ဘောလုံးပြန်ကစားနေပါပြီ” ဟု ပြောသည်။
Ref:Goal