အကျိုးတူရင်းနှီးမြှုပ်နှံမှုအဖွဲ့တွင် အိုဇေးလ် နည်းဗျူဟာအကြံပေး တာဝန်ယူ

လန်ဒန် နိုဝင်ဘာ ၃

အာဆင်နယ်အသင်း၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကစားခွင့်မရတော့ဘဲ အသင်း၏ ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ကစားသမားမှတ်ပုံတင်စာရင်းမှ ချန်လှပ်ခံခဲ့ရသော ဂျာမန်ကွင်းလယ်ကစားသမားအိုဇေးလ်သည် ယခုကတည်းက ကစားသမားဘဝမှ အနားယူလျှင် လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းသို့ အခြေချမှု စတင်ပြု လုပ်ခဲ့ပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြသည်။

အိုဇေးလ်က လက်ရှိ ဘောလုံးကိုသာ အဓိကအာရုံစိုက်လေ့ကျင့်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော် ပြောခဲ့ပြီး အာဆင်နယ် ယူ-၂၃ အသင်း၌ ကစားခွင့်ရနေသေး၍ တစ်ဦးတည်း လေ့ကျင့်မှုများ ပြုလုပ် လျက်ရှိသည်။

သို့သော် အိုဇေးလ်သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို အခြေစိုက် အကျိုးတူရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့ဖြစ်သော Class 5 Global ၏ နည်းဗျူဟာအကြံပေးအဖြစ်ခန့်အပ်ခံရပြီး ရင်းနှီးမြှုပ်နှံမှုများ စတင်ပြု လုပ်နေပြီဖြစ်ကာ ၎င်း၏တာဝန်မှာ ဈေးကွက်ရှာဖွေရန်နှင့် အွန်လိုင်းဈေးကွက်စတင်ထူထောင် ရန်ဖြစ် ကြောင်း သိရသည်။                   

Ref:The Sun