တိုက်စစ်မှူးအူဘာမီယန်းကို ရွိုင်းကိန်းဝေဖန်

လန်ဒန်၊ ဘောလုံး

၁၄ နှစ်အတွင်း အာဆင်နယ်အသင်း မန်ယူကို အိုးထရက်ဖို့ဒ်ကွင်း၌ ပထမအကြိမ် ပြန်လည် အနိုင်ရသော ပွဲတွင် ထိုပွဲ၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ပယ်နယ်တီမှသွင်းခဲ့သည့် အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းသည် ပွဲအပြီးတွင် အသင်းနည်းပြ မီကေးလ်အာတီတာအမည်ကိုသုံးစွဲရာ၌ ရှေ့နာမည် မီကေးလ်ဟုသာ ထည့်သုံးခဲ့သဖြင့် စကိုင်းစပို့တ်ရုပ်သံ ဘောလုံးပွဲသုံးသပ်သူ မန်ယူအသင်းခေါင်းဆောင် ဟောင်း ရွိုင်းကိန်းက လေးစားမှုမရှိသူဟု ဝေဖန်ခဲ့သည်။

အူဘာမီယန်းက “အိုးထရက်ဖို့ဒ်ကွင်းမှာ  နိုင်ပွဲမရခဲ့တာကြာပြီမှန်း သိတယ်။ ဒါကြောင့် အားလုံးက အစွမ်း ကုန်ကြိုးစားခဲ့တယ်။ မီကေးလ်က အရမ်းကောင်းတဲ့အရာတွေကို ဆောင်ကြဉ်းပေးခဲ့ပြီး သူပြောတဲ့အတိုင်း ကစားခဲ့လို့ နိုင်ခဲ့တာပါ” ဟု ပြောသည်။                              

Ref:The Sun