လားရှိုးပညာရေး ဒီဂရီကောလိပ်၌ ကျောင်းသား ကျောင်းသူ ၆၉၀ ဦး တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

လားရှိုးပညာရေး ဒီဂရီကောလိပ်၌ ကျောင်းသား ကျောင်းသူ ၆၉၀ ဦး တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များကို ဇွန်၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ဆရာအတတ်ပညာ ဦးစီးဌာန လားရှိုးပညာရေး ဒီဂရီကောလိပ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

ကျောင်းများစတင် ဖွင့်လှစ်သည့်နေ့တွင် လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်လွင်လွင်စန်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရတနာခန်းမတွင်တွေ့ဆုံ၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

လားရှိုးပညာရေး ဒီဂရီကောလိပ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် PPTT ဆရာ၊ ဆရာမ၂၅၉ ဦး၊ ပထမနှစ်(ဒုတိယနှစ်ဝက်) ၁၇၇ ဦး၊ဒုတိယနှစ်(ပထမနှစ်ဝက်) ၂၀၀ ဦး၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်) ၅၄ ဦး စုစုပေါင်း ၆၉၀ ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။