၂၀၂၃ ခုနှစ် နွေရာသီဖိတ်ခေါ် U-25 အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် နွေရာသီဖိတ်ခေါ် U-25  အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ဇွန် ၂

    ၂၀၂၃ ခုနှစ် နွေရာသီဖိတ်ခေါ့်-၂၅  အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြား ရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် နာယက၊ မြန်မာ နိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲ ဝင်အသင်းများမှ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသမီး U-25  ဘတ်စကက် ဘောပြိုင်ပွဲ    ဗိုလ်လုပွဲစဉ်များအဖြစ် စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားရာ စစ်ကိုင်းအသင်းက ပထမ ရရှိပြီး အမျိုးသား U-25  ဘတ်စကက်ဘော ပြိုင်ပွဲတွင် ရန်ကုန် (A) အသင်းနှင့် တောင်ကြီး (A)အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန် (A) အသင်းက ပထမရရှိသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီး U-25   ဘတ်စကက် ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော စစ်ကိုင်း အသင်းကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်ငါးသိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော  ရန်ကုန်အသင်းကို မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း မြန်မာနိုင်ငံ ဘတ်စကက်ဘော ဗဟိုအလုပ် အမှုဆောင် ဦးရဲအောင်က တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆု ငွေကျပ်သုံးသိန်းကို လည်းကောင်း၊ တတိယဆုရရှိသော Western Park    အသင်းကို    မြန်မာနိုင်ငံတရုတ် ကုန်သည်ကြီးများ အသင်းချုပ် အတွင်းရေးမှူး ဦးဇော်မိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်နှစ်သိန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

အမျိုးသား U-25    ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန် (A) အသင်းကို  အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက တစ်ဦးချင်းဆုတံဆိပ်နှင့်   ငွေသားဆုငွေ ကျပ်ခြောက်သိန်းကို လည်းကောင်း ၊ ဒုတိယဆုရရှိသော တောင်ကြီး (A)အသင်းကို  မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် လေးသိန်းကို လည်းကောင်း၊ တတိယဆုရရှိသော ရန်ကုန် (B) အသင်းကို မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ညွန့်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ်သုံးသိန်းကို လည်းကောင်း   ပေးအပ်ချီးမြှင့်ကြသည်။

အမျိုးသား  အကောင်းဆုံး အားကစားသမားဆုရရှိသော  ရန်ကုန်(A)အသင်းမှ ကျောနံပါတ်(၃၁) ကျော်လွင်ဦးကို မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းက လည်းကောင်း၊ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရရှိသော စစ်ကိုင်းအသင်းမှ ကျောနံပါတ်(၁)  မြနှင်းမှုံကို မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က လည်းကောင်း Trophy နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်  မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် နာယကက အမျိုးသမီး့-၂၅ ဘတ်စကက်ဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော စစ်ကိုင်းအသင်းနှင့် အမျိုးသား့-၂၅ ဘတ်စကက်ဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်(A)တို့ထံ တံခွန်စိုက်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ  နွေရာသီဖိတ်ခေါ်  U-25  အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲတွင်   ပထမဆုရရှိသော အသင်းကို ငွေကျပ်သုံးသိန်း၊ ဒုတိယဆုရရှိသော အသင်းကို ငွေကျပ်နှစ်သိန်း၊ တတိယဆု ရရှိသော အသင်းကို ငွေကျပ်တစ်သိန်းနှင့် အမျိုးသား U-25    ဘတ်စကက်ဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သော ရန်ကုန်(A)အသင်းအား ငွေကျပ် သိန်း(၃၀)တို့ကို ရန်ကုန်တိုင်းဒေသကြီး ဘတ်စကက်ဘောကော်မတီ ဥက္ကဋ္ဌ    ဦးတင်အောင်က ထပ်ဆောင်း ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။