(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့များကို ကြိုဆိုနှုတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ရန်ကုန် ဇွန် ၂
၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစား အဖွဲ့များအား ကြိုဆိုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် မြန်မာစံတော်ချိန် ၇ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Morodok Techo National Sports Complex၌ (Team Welcome Cere- mony) ကြိုဆိုရေး အခမ်းအနားကို ကျင်းပသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံမှ H.E. Hun Many (Member of the Cambodian National Assembly)က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောလက်စ်တေနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်အလံများကို လွှင့်တင်ခဲ့ပြီးနောက် အိမ်ရှင်ကမ္ဘောဒီးယား နိုင်ငံနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံများ၏ ကိုယ်စားလှယ်များက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။