အခြေခံပညာကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေး

အခြေခံပညာကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေး

နေပြည်တော်  ဇွန်  ၂

    ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည်  အခြေခံ ပညာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက် တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဦးအောင်ဆွေဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အမှတ်(၇)အခြေခံပညာ အထက် တန်းကျောင်း၊  အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းတို့သို့  သွား ရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေ မှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စနစ်သစ်  Grade-12  စာသင်ခန်းမှ ကျောင်းသား၊ ကျောင်းသူများကို ဇီဝဗေဒဘာသာရပ် သင်ကြားသင်ယူနေမှုနှင့် ပတ်သက်၍ ကျောင်း သင်ခန်းစာပါ Metabolism မှ Catabolism  နှင့် Anabolism အကြောင်းကို ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  Grade-12   ကို ထူးထူး ချွန်ချွန် အောင်မြင်ရေးအတွက် တစ်နေ့စာ တစ်နေ့ကျေညက်အောင် ကြိုးစားလေ့လာ ကြစေလိုကြောင်း၊ ပညာရည်မြင့်မားမှသာ  မိမိဘဝ၊ မိမိနိုင်ငံကို တိုးတက်မြင့်မားစေ မည်ဖြစ်ကြောင်း၊ စာတတ်ရုံမျှမက မိမိနိုင်ငံနှင့်လူမျိုးကို တန်ဖိုးထားသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကို   ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များလည်း  ရှိကြရန်လိုကြောင်း၊ စာသင်ခန်းအတွင်း  ကျောင်းသား၊  ကျောင်းသူများအားလုံး ဉာဏ်ရည်မတူနိုင်သော်လည်း ဝီရိယထား၍ ကြိုးစားခွင့်တူညီစွာရှိနေသည့်အတွက် အားလုံးကြိုးစားကြစေလိုကြောင်းဖြင့် အားပေးစကား ပြောကြားကာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။