အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ပထမနေ့ မျက်မမြင်စစ်တုရင်ပြိုင်ပွဲတွင် ကောင်းစံ၊ သန်းဌေးနှင့် လင်းထက်နောင်တို့ အနိုင်ရရှိ

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ပထမနေ့ မျက်မမြင်စစ်တုရင်ပြိုင်ပွဲတွင် ကောင်းစံ၊ သန်းဌေးနှင့် လင်းထက်နောင်တို့ အနိုင်ရရှိ

ရန်ကုန်  ဇွန်  ၃

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ မျက်မမြင်စစ်တုရင်ပြိုင်ပွဲ ပထမနေ့ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ  Royal University ၌ ကျင်းပရာ မြန်မာအားကစားသမားများဖြစ်သည့် ကောင်းစံ၊ သန်းဌေး၊ မျိုးဆန်းအောင်၊ လင်းထက်နောင်၊ လှမိုးနှင့် မောရှေတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ   ကောင်းစံ၊ သန်းဌေးနှင့်လင်းထက်နောင်တို့  အနိုင်ရရှိကြကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲများဖြစ်သည့်  မျက်မမြင်စစ်တုရင်ပြိုင်ပွဲ လုံးဝမျက်မမြင်(B1)အမျိုးသားတစ်ဦးချင်း ပုံမှန်ရွှေ့စစ်တုရင်ပြိုင်ပွဲတွင် မြန်မာအားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီးတွင် ကောင်းစံက ဖိလစ်ပိုင်နိုင်ငံသား   RodolFo De Villa Sarrniento အားလည်းကောင်း၊ သန်းဌေးက   ထိုင်းနိုင်ငံသား Phongkit Sriraksa အားလည်းကောင်း   အနိုင်ရရှိကြပြီး မျိုးဆန်းအောင်က   ဗီယက်နမ်နိုင်ငံသား Dinh Tuah Son အား ရှုံးနိမ့်ခဲ့သည်။

ထို့အတူ တစ်စိတ်တစ်ဒေသမျက်မမြင် (B2/B3)အမျိုးသားတစ်ဦးချင်း ပုံမှန်ရွှေ့စစ်တုရင်ပြိုင်ပွဲ၌ လင်းထက်နောင်က ဗီယက်နမ်နိုင်ငံသား Pham Le Anh Kiet အား အနိုင်ရရှိပြီး   မောရှေသည် ဖိလစ်ပိုင် နိုင်ငံသား Darry Timbol Bernarjo အားလည်းကောင်း၊  လှမိုးသည် မလေးရှား နိုင်ငံသား Hanson  Ang Ping Ting အား လည်းကောင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။  

              

                                                         ဝန်းရံခ