ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်သားများက ဆန်၊ဆီ၊ ပဲ အမယ်(၃)မျိုး သွားရောက်ထောက်ပံ့ပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ - ၄

   Covid-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့်  စားရေးအခက် အခဲမရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အတွက် ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးကို ယနေ့တွင် တပ်မတော်သားများက လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်သည်။

ထိုသို့ သွားရောက်ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄၊ ၇၊ ၁၁၊ ၁၃၊ ၁၄၊ ၁၅၊ ၁၇၊ ၁၉၊ ၂၀)ရပ်ကွက်တို့မှ အိမ်ထောင်စု ၂၆၀၀၀ စုနှင့် လှိုင်သာယာမြို့နယ် (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)ရှိ အမှတ်(၂၊ ၄၊ ၇၊ ၁၃၊ ၁၄၊ ၁၆)ရပ်ကွက်၊ ကစင်ကျေးရွာ၊ ရှမ်းချောင်း ကျေးရွာနှင့် အတွင်း ပဒံကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၂၉၂၀၀ စု၊ အိမ်ထောင်စု စုစုပေါင်း ၅၅၂၀၀ စုတို့အတွက် ဆန် ၆၉၀၀ အိတ်၊ ဆီ ၁၀၁၁၈ ဒသမ ၁၆ ပိဿာနှင့် ပဲ ၂၇၆၀၀ ပိဿာတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တပ်မတော် မော်တော်ယာဉ်များဖြင့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ပေးအပ်လှူဒါန်းသည်။

ယင်းသို့ ပေးအပ်လှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ ဝမ်းသာပီတိစကားသံများကို ယခုလိုကြားသိ ခဲ့ရပါသည်-