တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် - ၅

             ၂၀၂၃ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အသီးသီး၌ ကျင်းပပြုလုပ်သည်။

             ထိုသို့ ကျင်းပပြုလုပ်ရာတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော် ခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ လည်းကောင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အခမ်းအနားများကို အသီးသီး ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

             ဦးစွာ အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ထံမှ ပေးပို့သော ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာအားဖတ်ကြားခြင်းနှင့်   ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး Video ပြသခြင်းတို့ကို ဆောင်ရွက်ကြသည်။ ယင်းနောက် တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအခြေ အနေများအား ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ကမ္ဘာ့ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသည့် မြို့များ၊ အခြေခံပညာ ကျောင်းများနှင့် စက်ရုံများမှ တာဝန်ရှိသူများအား ဆုများ အသီးသီးပေး အပ်ချီးမြှင့်ကြ သည်။

             ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗွီဒီယိုပြသမှုအား ကြည့်ရှု၍ ခင်းကျင်းပြသထားသည့် အသိပညာပေး ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြကြောင်းသတင်းရရှိသည်။