ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ဆက်လက်ပို

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဇွန် - ၅

        ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေ ယာဉ်ပထမအစီးသည် ဆန် ၁,၀၀၀ အိတ် စုစုပေါင်းကုန်တန်ချိန် ၁၄ တန်အား စစ်တွေမြို့၊ ESSAR တံတား၌တင်ဆောင်၍ ယနေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့သို့ ပို့ဆောင်ပေးသည်။

        အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာနမှ လယ်ထွန်စက် ၇ စီး စုစုပေါင်း ကုန်တန်ချိန် ၁၄ တန်တို့ အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုး ရေယာဉ် တတိယအစီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာနမှ လယ်ထွန်စက် ၇ စီး စုစုပေါင်းကုန် တန်ချိန် ၁၄ တန်တို့အားလည်းကောင်း အသီးသီးတင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရေချမ်းပြင်ကမ်းထိုးရပ်မှ အငူမော် ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးသည်။  

        အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ် ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။