၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် -  ၅

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်း အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(လေ)ကိုယ်စား ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် မှော်ဘီ တပ်နယ်တို့မှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာ ရှင်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား ဗိုလ်မှူးချုပ် ကျော်သက်နိုင်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက တပ်မတော်(လေ) ပိုက်ကျော် ခြင်းအသင်းမှ ခြင်းလုံးသရုပ်ပြကစားမှုနှင့် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေး ကြသည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၁၅)သင်းဖြင့် ဇွန်လ ၉ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။