မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများတင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် တစ်စင်း ရန်ကုန်မြို့သို့ရောက်ရှိ

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများတင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် တစ်စင်း ရန်ကုန်မြို့သို့ရောက်ရှိ

နေပြည်တော်၊ ဇွန်  - ၅

         ရခိုင်ကမ်းရိုးတန်းဒေသသို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည် နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ များပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင် ဆောင်လာသော ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA JOY(F-28) သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. ASM Sayem၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့် တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့်  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

         ယနေ့ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှစစ်ရေယာဉ်တွင် ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ ငရုတ်သီးမှုန့်၊ နနွန်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊  ရွက်ဖျင်တဲ၊ ဆေးဝါး ပစ္စည်းများနှင့် ရေသန့်ဆေးပြားစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန် (၁၂၀) တန်ခန့် ဖြစ်ကြောင်း သိရှိရသည်။

         အဆိုပါ ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်ဖြင့်ရောက်ရှိလာသော ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးနှင့် ဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။