Covid-19 ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ နိုဝင်ဘာ - ၄

Covid-19  ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီး ဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော် သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။

 ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ ရွာသစ်ဒေသရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဂေါ်ရခါးသီး ၂၃၀၀၀ လုံးကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့်  ထပ်မံဝယ်ယူပေးခဲ့ကြောင်း သတင်းရရှိသည်။