Covid-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၄

Covid-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ အလှူရှင်များက လာရောက်ပေးအပ် လှူဒါန်းသည်။

ဦးစွာ အလှူရှင်ဖြစ်သည့် Jewellery Luck Group of Companies မှ ဒုတိယဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက်  အလှူငွေကျပ် ၅၀ သိန်းကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။