၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းလုပ်ငန်း အသိပေးကြေညာခြင်း
၁။ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို (၉-၆-၂၀၂၃)ရက်၊ သောကြာနေ့ နံနက် (၀၆း၀၀)အချိန်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
၂။ အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပါသည်။
၃။ အောင်စာရင်းထုတ်ပြန်မည့်(၉-၆-၂၀၂၃)ရက်နေ့၊ နံနက်(၄)နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။
၄။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှအသိပေး ထုတ်ပြန်ကြေညာသည့် အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ်ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့် နေ့တွင် ကြေညာပေးပါမည်။
၅။ သက်ဆိုင်ရာစာစစ်ဌာနများတွင် အောင်စာရင်းကြည့်ရှုရန် လာရောက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် မိဘပြည်သူများက ပူးပေါင်းဆောင်ရွက်ကူညီပေးကြပါရန် ပန်ကြားအပ်ပါသည်။
၆။ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) နှင့် (၀၁-၆၅၃၄၆၇ )တို့ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် (၉-၆-၂၀၂၃) ရက်နေ့ (သောကြာနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ပညာရေးဝန်ကြီးဌာန