နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၏ ဘက်စုံစိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၏ ဘက်စုံစိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် - ၈

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုသည်။

             ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက  ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာတော် များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ ဒေသခံတိုင်းရင်းသားများ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှုအခြေအနေနှင့် ရောဂါတိုးတက်ကောင်းမွန်လာမှုအခြေအနေတို့အား လိုက်လံကြည့်ရှု၍ အားပေး စကားများပြောကြားကာ  အာဟာရပြည့်စားသောက်ဖွယ်ရာများ အသီးသီးထောက်ပံ့ ပေးအပ်ပြီး         ဆေးရုံအတွင်းလည့်လှည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။

                ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၏ ဘက်စုံစိုက်ပျိုး/ မွေးမြူရေးခြံများအတွင်း ရာသီသီးနှံများစိုက်ပျိုးထားရှိမှု၊ စင်တင်သီးနှံများ စိုက်ပျိုးထားရှိမှု၊ ဉစားကြက်၊ ဒေသကြက်၊  DYL အသားတိုးဝက်၊ ဆိတ်၊ နို့စားနွား၊ အသားစားနွား၊ ငါးခူမွေးမြူထားရှိမှု၊ တိုင်းစစ်ဌာနချုပ် အစာစပ်စက်ရုံဆောင်ရွက်နေမှုနှင့် ကွပ်ကဲမှု‌‌အောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များသို့ ပြင်ပထက်သက်သာ သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။