၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် -

   ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ TOP ဖူဆယ်အားကစားကွင်း၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနှင့် လူငယ်ရေးရာညွှန်ကြားမှု ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

     ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ကျိုက်ထို မြို့နယ်အသင်းနှင့် သထုံမြို့နယ်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

     ထို့နောက် အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော  အသင်းများနှင့် အကောင်းဆုံးကစားသမားဆုရရှိသူများအား ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ဆုအသီးသီး ချီးမြှင့်ကြသည်။

     အဆိုပါ အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဇွန်လ ၅ ရက်မှ ယနေ့ထိ ယှဉ်ပြိုင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။