အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဇွန် - ၁၀
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇွန် ၉ ရက် ညနေပိုင်းတွင် တပ်နယ်အားကစားကွင်း၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပထမနေ့ပွဲစဉ်အဖြစ် စခန်းရုံး၊ တိုင်းစစ် ဌာနချုပ်(က)အသင်းနှင့် မုဒုံတပ်နယ်(က) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးကြသည်။
အဆိုပါပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲအသင်း ၁၆ သင်းဖြင့် ဇွန် ၉ ရက်မှ ၂၇ ရက်ထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။