ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဇွန် - ၁၀

တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

          ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ပညာရေးဝန်ကြီးဌာနမှ လှူဒါန်းသော ကျောင်းသုံးပစ္စည်းနှင့် စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသည့် အခြေခံစားကုန် စုစုပေါင်း ၂.၃တန် ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

          သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း များကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၉၃.၃ တန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၂၇၆ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ် ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူပေးကြ ကြောင်း သတင်းရရှိသည်။