ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင်ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အတွင်း/အပြင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေခြင်းနှင့် မြို့အဝင်ကားလမ်းတစ်လျှောက်  အုန်းပင်စိုက်ပျိုးနိုင်ရေးအတွက် စုပေါင်းမြေနေရာရှင်းလင်းဆောင်ရွက်နေခြင်းတို့ကို ကြည့်ရှုအားပေး သည်။ ယင်းနောက် မုန်တိုင်းသင့်ပြည်သူများအား ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနေခြင်းအား ကြည့်ရှုအားပေးသည်။

အလားတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဂိုဒေါင်ရှေ့၌ မုန်တိုင်းသင့်ပြည်သူများအား အမိုးသွပ်၊ တာပေါ်လင်လိပ်၊ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။ ထို့နောက် ရသေ့တောင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ပြန်လည် ပြုပြင်ရန်လိုအပ်သော အမိုးသွပ်၊ တာပေါ်လင်လိပ်များနှင့် ဆွမ်းဆန်များအား ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။