၂၀၂၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(BALLON D'OR)ပေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာ
ပဲရစ်၊ ဘောလုံး
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ပြင်သစ်မဂ္ဂဇင်းတို့က ပူးပေါင်းရွေးချယ်ပေးအပ်သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ အကောင်းဆုံးကစားသမားဆု (BALLON D'OR)ပေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ် ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့သည်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အစောပိုင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သီးသန့်ချီးမြှင့် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြင်သစ်မဂ္ဂဇင်းနှင့် ပူးပေါင်း၍ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ယခုဘောလုံးရာသီတွင် မန်စီးတီးအသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီး အသင်းလိုက်နှင့် တစ်ဦးချင်းဆုများ ရယူနိုင်ခဲ့သည့် တိုက်စစ်မှူး ဟာလန်းက ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားမှုတွင် ဟာလန်း၏နောက်၌ ပီအက်စ်ဂျီအသင်း ကစားသမားဟောင်း တိုက်စစ် ကစားသမား မက်ဆီကရပ်တည်နေပြီး ၎င်း၏ နောက်တွင် ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမားအမ်ဘတ်ပီ၊ မန်စီးတီးအသင်း ကွင်းလယ် ကစားသမား ဒီဘရိုင်းနှင့် နာပိုလီအသင်း တိုက်စစ်မှူး ဗစ်တာအိုဆီမန်တို့က အသီးသီး ရပ်တည် လျက်ရှိကြောင်း သိရသည်။
Ref;The Athletic