ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ပြိုင်ပွဲများတွင် ချန်ပီယံဆုရရှိသည့် ပထမဆုံး ကစားသမားအဖြစ် အီမာဆင်မှတ်တမ်းဝင်

ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ပြိုင်ပွဲများတွင် ချန်ပီယံဆုရရှိသည့် ပထမဆုံး ကစားသမားအဖြစ် အီမာဆင်မှတ်တမ်းဝင်

နီယွန်၊ ဘောလုံး

ဝက်စ်ဟမ်းအသင်း ဝါရင့်ခံစစ်ကစားသမား အီမာဆင်သည် အသင်းနှင့်အတူ ယူရိုပါကွန်ဖရန့်လိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော   ပြိုင်ပွဲများတွင် ချန်ပီယံဆုရရှိသည့် ပထမဆုံးကစားသမားအဖြစ်  မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် အီမာဆင်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို  ဥရောပ၌ ရိုးမားအသင်း၊ ချယ်လ်ဆီးအသင်း၊  လိုင်ယွန်အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့တွင်   ကစားခဲ့ပြီးနောက် ယခုအခါ   ယူရို ပါကွန်ဖရန့်လိဂ်ပြိုင်ပွဲတွင် ဝက်စ်ဟမ်းအသင်းနှင့် ချန်ပီယံဆုဆွတ်ခူးနိုင်ပြီးနောက် မှတ်တမ်းကောင်း တစ်ရပ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အီမာဆင်သည် ၂၀၂၂ ခုနှစ်က ချယ်လ်ဆီး အသင်းမှ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ကစား ပြီးနောက် အသင်းအဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေပြီး ကစားသမားဘဝတွင် ဥရောပဆုဖလားများ အဖြစ် ၂၀၁၉ ခုနှစ်က ချယ်လ်ဆီးအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား၊ ၂၀၂၁ ခုနှစ်က ချန်ပီယံလိဂ် ဖလားနှင့် ဥရောပစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ အီမာဆင်သည် ဝက်စ်ဟမ်းအသင်းနှင့်အတူ ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်သကဲ့သို့ လက်ရွေးစင်အီတလီအသင်းနှင့်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက်    ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ယူရိုဖလား၊ ချန်ပီယံလိဂ် ဖလား၊ ယူရိုပါလိဂ်ဖလား၊ ယူရိုပါကွန်ဖရန့်လိဂ်ဖလားနှင့် ဥရောပစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အီမာဆင်သည် ယခုဘောလုံးရာသီတွင် ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့် အတူ  ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားခွင့်ရရှိ ကြောင်း သိရသည်။          

Ref;Dailymail