မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်၊ ပင်မပေါက်၌ တိုးချဲ့အဆင့် မြှင့်တင်ဆောင်ရွက်ပြီးသော ပလက်ဖောင်းဖွင့်ပွဲပြုလုပ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ယှဉ်ပြိုင်နေမှုများ၊

မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်၊ ပင်မပေါက်၌ တိုးချဲ့အဆင့် မြှင့်တင်ဆောင်ရွက်ပြီးသော ပလက်ဖောင်းဖွင့်ပွဲပြုလုပ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ယှဉ်ပြိုင်နေမှုများ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန် - ၁၁

        မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်၊ ပင်မပေါက်၌ တိုးချဲ့ အဆင့် မြှင့်တင်ဆောင်ရွက်ပြီးသော ပလက်ဖောင်းဖွင့်ပွဲအား ဇွန် ၁၀ ရက်နေ့တွင် ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပလက်ဖောင်းဖွင့်ပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး လိုက်လံကြည့်ရှုသည်။

            ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မော်လမြိုင်တက္ကသိုလ်ပင်မဆောင်၊ အခန်း(၁၅)တွင် ပန်းချီ၊ ကာတွန်း၊ ပိုစတာ(အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲဝင်နေသည့် မော်လမြိုင်တက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများနှင့်  အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။